“မာယာမဲ့အဖြူရောင်ချစ်ခြင်း”၀တ္ထုတိုလေး စောင့်မျှော်ပါအုံးရှင်

May 19th, 2012

“ရင်ဘတ်ချင်းနီးနေသူ”

May 19th, 2012

“ရင်ဘတ်ချင်းနီးနေသူ”

ကျွန်မဘ၀လေးထဲကို အမှတ်မထင် ၀င်ရောက်လာခဲ့တဲ့ ချစ်သူရေ…ဘ၀ကြီးထဲမှာ ရှင်သန်နေထိုင်ရင်း ဒီအချိန်လေးရောက်မှ ဆုံဆည်းခဲ့ကြရလို့ ၀မ်းသာခဲ့ရတယ်…တိုက်ဆိုင်မှုတွေမဟုတ်ခဲ့တဲ့ ချစ်ခြင်းတရားတွေ၊ နားလည်မှုတွေက ကျွန်မရဲ့နှလုံးသားကို ထိခိုက်စေခဲ့ပါတယ်…။

အချစ်ဆိုတာ လူတစ်ဦးနဲ့တစ်ဦး ချစ်ကြတယ်ဆိုပေမယ့် အပေးအယူမမျှတခဲ့ရင် မပြေလည်မှုလေးတွေက တဆင့် အချစ်တွေပျက်စီးသွားနိုင်ပါတယ်။ ချစ်သူနဲ့ ကျွန်မရဲ့ ကြားမှာတော့ ဖြူစင်တဲ့ချစ်ခြင်းတရားတွေက စခဲ့ကြလို့ အချစ်တွေက ခိုင်မြဲခဲ့ကြတယ်နော်။ Read more…

ရသဖတ်ရှုရန်

“မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်”

May 19th, 2012

“မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်”

“အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ အသိဥာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ “အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထိန်းသိမ်းနိုင်ခဲ့တာပါ။ Read more…

ရသဖတ်ရှုရန်

“နှလုံးသားတစ်နေရာရဲ့….ထားသခင်”

May 18th, 2012

နေခြည်လေးအတွက် အမှတ်မထင် လမ်းပြပေးခဲ့သူ

မမထား(လွန်းထားထား-ဆေးတက္ကသိုလ်)အတွက်

ရေးသားဂုဏ်ပြုပါသည်။

“နှလုံးသားတစ်နေရာရဲ့….ထားသခင်”
အပြုံးတစ်ချက်…နှလုံးသားလက်နဲ့
အရေးအသား စုတ်ချက်ကောင်းတဲ့
တပြည်တရွာက မမထားရေ… Read more…

ကဗျာများဖတ်ရှုရန်

“အမှတ်တရနေ့”

May 18th, 2012

“အမှတ်တရနေ့”

ဇန်န၀ါရီလ(၂၃)ရက်ဆိုတဲ့ သက္ကရာဇ်ရက်စွဲလေးကိုမြင်လိုက်တာနဲ့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့စွဲလေးဆိုတာ ကျွန်မသိနေခဲ့သည်၊ဒီနေ့ရက်လေးဟာ ကျွန်မတို့နှစ်ဦးရဲ့ အမှတ်တရနေ့ရက်လေးတစ်ရက်၊ အခြားသူတွေက ဖေဖော်ဝါရီ(၁၄)ရက်နေ့ဟာ “ချစ်သူများနေ့”လို့ ဆိုကြတယ်လေ၊ ကျွန်မနဲ့ ချစ်သူကောင်လေးအတွက်ကတော့ အများကသတ်မှတ်ထားတဲ့ “ချစ်သူများနေ့”ဆိုတဲ့ ရက်ကလေးဟာ အထူးအဆန်းဖြစ်မနေခဲ့သလို ရင်ခုန်စရာလည်းမကောင်းခဲတဲ့ နေ့ရက်တစ်ခုလို့ ထင်နေခဲ့ကြပါတယ်၊ ကျွန်မတို့နှစ်ဦးရဲ့ ဝေးကွာခြင်းတွေဟာ  စွယ်တော်ရွက်တွေလို ပွင့်ဖတ်လွှာတစ်လွှာစီ ရှိနေခဲ့ကြပေမယ့် ရင်ခုန်သံတစ်စုံကတော့ အချိန်နာရီစက္ကန့်နဲ့အမျှ ထပ်တူရှိနေခဲ့ကြတယ်နော်။ Read more…

ရသဖတ်ရှုရန်

“ရှင်ပဲ..ချစ်တယ်ဆို”

May 15th, 2012


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နှင်းဆီနဲ့မောင်တို့ရဲ့ အိမ်ထောင်သက်တမ်းလေးဟာ ခုဆို (၁)နှစ်ပြည့်တော့မည်၊ မောင်နဲ့ အိမ်ထောင်မကျခင် အချိန်လေးက အပျိုဘ၀လေးကို နှင်းဆီ ပြန်တမ်းတမိသည်။ အပျိုဘ၀လေးက ကျောင်းတက်ရသည့် အလုပ်ကလေးတစ်ခုရယ်သာ၊ ပိုက်ဆံအဆင်မပြေဘူးဆိုလည်း မိဘတွေဆီက လက်ဝါးဖြန့်ပြီး တောင်းရုံသာ၊ စိတ်ညစ်တဲ့အခါ သူငယ်ချင်းတွေနဲ့လျှောက်သွားတဲ့အခါ စိတ်အပန်းတွေပြေခဲ့ရသည်…ခုတော့ အပျိုဘ၀လေးနဲ့ အိမ်ထောင်သည်ဘ၀လေးက ကွာခြားသွားခဲ့လေပြီ…။ Read more…

ဝတ္ထုတိုဖတ်ရှုရန်

“အရိပ်စစ်”

May 13th, 2012

“အရိပ်စစ်”

 

“အမေ”…လို့

နှုတ်ဖျားက ခေါ်ခွင့်ရတာ

တန်ဘိုးတွေမဖြတ်နိုင်ပါဘူးလေ…။ Read more…

ကဗျာများဖတ်ရှုရန်

“ရင်ကွဲနေ့”

May 12th, 2012

“ကြယ်စင် ခုထိ မပြင်ရသေးဘူးလား၊ မင်္ဂလာအခမ်းအနားစတော့မယ်လေ”

ကြယ်စင် လျှံမင်းဝေကို လှည့်ကြည့်မိလိုက်သည်၊ အပြုံးတွေနဲ့ပျော်ရွှင်နေသော လျှံမင်းဝေကို ကြည့်နေမိရင်း ကိုကိုနေခကို မြင်ယောင်လာမိနေတော့သည်။ မှန်တင်ခုံရှေ့က ကြည်လင်ပြတ်သားနေသော အဖြူရောင်မှန်ကြီးထဲက ကောင်မလေးက ကြယ်စင်လမင်းမှ ဟုတ်ပါလေစလို့တွေးနေရင်း၊ မလှုတ်မယှက် အိနြေ္ဒတွေနဲ့အတူ မိတ်ကပ်ပြင်ဆရာကလည်း သူ့တာဝန်အတိုင်း ကြယ်စင့်ကို လိမ်းခြယ်ပြင်ဆင်နေတော့ သည်။ အပြစ်ကင်းစင်စွာ လှပနေသော အဖြူရောင်သတို့သမီးဝတ်စုံလေးတစ်စုံနဲ့ ကြယ်စင်တယောက် ကိုတော့… Read more…

ဝတ္ထုတိုဖတ်ရှုရန်

“စိတ်ကူးယဉ်ထဲက သတို့သမီး”

May 9th, 2012

“စိတ်ကူးယဉ်ထဲက သတို့သမီး”

စာရေးဆရာကြီးတစ်ယောက်ရဲ့ စာပေဟောပြောပွဲအသံဖိုင်လေးကို နားထောင်မိရင်း…သူကပြောတယ် စိတ်ကူးယဉ်လို့ရတယ်တဲ့၊ ဒါပေမယ့် ဖြစ်နိုင်မယ့်စိတ်ကူးကိုယဉ်တာကအကောင်းဆုံးပဲလို့ ပြောခဲ့တယ်။ အဲ့ဒီစာရေးဆရာကြီးရဲ့ စကားလေးတစ်ခွန်းကိုကြားပြီး ကျွန်မလည်း စိတ်ကူးလေးတစ်ခု ယဉ်ကြည့်ခဲ့မိပါတော့တယ်….. အဲ့ဒီစိတ်ကူးလေးတစ်ခုကတော့-

ကျွန်မငယ်စဉ်က မေမေက မေးခွန်းလေးတစ်ခုမေးခဲ့တယ်…

“သမီး….ဘာဖြစ်ချင်လဲတဲ့”

အဲ့ဒီအရွယ် ကျွန်မက အသက်ဆယ်နှစ်လောက်သာ၊ ကျွန်မပြန်ပြောလိုက်မိသည်က …. Read more…

ရသဖတ်ရှုရန်

“တန်ဘိုးရှိသော အမေ့ရဲ့အမွေ”

May 8th, 2012

 

 

 

 

 

 

 

 

 

ဒီနေ့ အမေနေမကောင်း၍ အမေ့ရဲ့ကိုယ်စား ကျွန်မ ဈေးကူထွက်ပေးရတော့မည်၊ ကျွန်မရဲ့အလုပ်တွေက တဖက်၊ အမေနေမကောင်းတာကတမျိုး၊ ဈေးထွက်ဖို့တွေနဲ့ ကျွန်မ အစောကြီးထရပေအုံးမည်၊ ဈေးထွက်တယ် ဆိုပေမယ့်လည်း အခြားသူတွေလို ဆိုင်ခန်းကြီးကြီးတွေဖွင့်ပြီး ရောင်းချရခြင်းမျိုးမဟုတ်၊သာမာန်ခေါင်းရွက်ဗျက်ထိုးရောင်းရသော ဈေးသည်ဘ၀သာဖြစ်သည်၊ ဒါပေမယ့် ကျွန်မတို့ကို အမေက မိုးမလင်းခင် အိပ်ရာထပြီး ရွာရိုးကိုးပေါက်လျှောက်၊ ရာသီဥတုမရွေး၊ ခြေထောက်ပေါက်အောင် ရောင်းချခဲ့ပြီး ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်လာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်၊ အဖေပင်ရှိခဲ့သော်လည်း အမေ့ရဲ့ မောင်တထမ်း၊ မယ်တရွက်ဆိုသလို မိန်းမကောင်းပီသတဲ့စိတ်နဲ့၊ ခြေဆုံးခေါင်းဆုံးသနပ်ခါးအဖွေးသားနှင့် အခန့်သား ထိုင်မစား ဘဲ၊ အမေတတ်သည့် ဈေးရောင်းအတတ်ပညာလေးဖြင့် ဟင်းဘိုးရရ၊ ထမင်းဘိုးရရဆိုသလို ရှာဖွေကျွေးမွေး ခဲ့သည်…အမေရောင်းချသည့် ကုန်ပစ္စည်းက “စားတော်ပဲပြုတ်”… Read more…

ဝတ္ထုတိုဖတ်ရှုရန်